Rhenus Myanmar သည် လက်ရွေးစင် သင်္ဘောကုမ္ပဏီများစွာနှင့် နီးကပ်စွာချိတ်ဆက်ထားပါသည်။ ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေးများပြားဖြစ်ထွန်းသောကာလများအတွင်းပင်လျှင် အခြားကုမ္ပဏီများထက်စျေးသက်သာသောပို့ဆောင်ရေးဝန်ဆောင်မှုများပေးနိုင်ပါသည်။ ဥရောပ၊ အမေရိကနှင့် အာရှဆိပ်ကမ်းများမှ အချိန်တိကျသော အုပ်စုလိုက်ကုန်သင်္ဘောထွက်ခွာမှု ပုံသေအချိန်ဇယားမျာထားရှိထားခြင်းကြောင့် ကျွန်ုပ်တို့သည် ပို့ဆောင်ရေးအစီအစဉ်များအတွက်ယုံကြည်စိတ်ချရသောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ပါသည်။ Rhenus ရှိ ကျွမ်းကျင်ပညာရှင်များသည် ထူးခြားသာလွန်သောနည်းလမ်းများကိုအသုံးပြုကာ လူကြီးမင်း၏ ကုန်စည်များအတွက် ရေကြောင်းဖြင့်လိုရာပို့ဆောင်ရန် အကြံပြုဆွေးနွေးနိုင်ပါသည်။
လူကြီးမင်းတို့လိုအပ်ချက်နှင့်ကိုက်ညီသော ပေါင်းစည်းဝန်ဆောင်မှုများ
- ဥရောပတိုက်နှင့် အာရှတိုက်ရှိ နေရာအမျိုးမျိုးအကြား ပို့ဆောင်ပေးသော ကွန်တိန်နာအပြည့် ကုန်တင်မှု (FCL)၊ ကွန်တိန်နာအပြည့်မဟုတ်သော ကုန်တင်မှု (LCL) နှင့် ကုန်ခွဲခြမ်းသယ်ဆောင်မှု
- ဟေးလ်ဒန်း၊ ဂျာမနီနှင့် စင်္ကာပူရှိ ကျွန်ုပ်တို့၏ ဂိတ်ဝေးများမှတစ်ဆင့် LCL ကုန်စည်များကို ဥရောပတိုက်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်မှုနှင့် မြန်မာနိုင်ငံမှ ဥရောပတိုက်သို့ ပို့ဆောင်မှု
- ဂျာမနီ၊ ယူကေ၊ စကင်ဒီနေးဗီးယားနိုင်ငံများ (နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်)၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ သြစတြီးယားနှင့် အရှေ့တောင်ဥရောပနိုင်ငံများ (ချက်၊ စလိုဗေးနီးယား၊ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား) ကဲ့သို့သော နိုင်ငံများ ပါဝင်သော ဥရောပရှိ Rhenus ၏ ကွန်ရက်
- လျင်မြန် ညှိယူနိုင်ပြီး စျေးသက်သာသော အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ
- ပရောဂျက် သို့မဟုတ် အရွယ်ကြီးမားသော ကုန်ပစ္စည်းများ
- ရာသီဥတုဒဏ်ခံ အပူချိန်ထိန်းချုပ်ကွန်တိန်နာများ
- တစ်ခုထက်ပိုသော နည်းလမ်းဖြင့် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ သို့မဟုတ် ဆုံးမှတ်မတိုင်ခင် ကုန်စည်ကူးပြောင်းဖြတ်သန်းရေး
- ကုန်စည်တင်ချပို့ဆောင်မှုနှင့် ဝမ်းပြားရေယာဉ် ဝန်ဆောင်မှုများ
- သင်္ဘောပြည့်နှင့် တစ်စိတ်တစ်ပိုင်း စင်းလုံးငှားရမ်းပို့ဆောင်မှု
- ဘီးတပ်ယာဉ်များ သင်္ဘောပေါ် တင်ချခြင်း