အချိန်နှင့် တပြေးညီ အစီရင်ခံတင်ပြမှုတို့အပါအဝင်
ဆိပ်ကမ်းမှူး
ဆိပ်ကမ်းမှူး သို့မဟုတ် ကုန်ပစ္စည်းဆရာ/ကြီးကြပ်ရေးမှူးသည် မာစတာ/အရာရှိချုပ်၏ အတိုင်ပင်ခံဖြစ်သည်။ ကုန်ပစ္စည်းအတွက် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး မျှော်မှန်းထားသော ကုန်တင်မှုအကြောင်း သိရှိထားသဖြင့် ၎င်းတို့သည် ကုန်တင်/ကုန်ချစဉ်နှင့် ကုန်ပစ္စည်း လုံခြုံစွာ ရယူစဉ်အတွင်း ၎င်းတို့၏ ကျွမ်းကျင်ပညာဖြင့် သင်္ဘောအမှုထမ်းများအား ပံ့ပိုးပေးမည်ဖြစ်သည်။
ဆိုက်အော်ပရေတာ
ဆိုက်အော်ပရေတာသည် ပရောဂျက်ကာလအတွင်း ဆိုက်ထဲ၌ ရှိနေမည်ဖြစ်ပြီး ကုန်တင်ခြင်း၊ ကုန်ချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ကုန်ပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ကူညီပေးပါသည်။
ကုန်ပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာအပိုင်းအတွက် တာဝန်ရှိသည့်အပြင် ၎င်းတို့သည် client ၏ ပရောဂျက် အချိန်ဇယားအပေါ် အခြေခံ၍ ကုန်ပို့ဆောင်ရေးတွင် အချိတ်အဆက်မိစေခြင်း၊ ကုန်သိုလှောင်မှုနှင့် ကုန်ချမှုတို့တွင်လည်း ပါဝင်လုပ်ဆောင်မည်ဖြစ်သည်။
နောက်တွဲယာဉ် မောင်းနှင်သူ
နောက်တွဲယာဉ် မောင်းနှင်သူသည် မောင်းသူမဲ့နောက်တွဲယာဉ်များကို ကိုင်တွယ်ပေးခြင်း သို့မဟုတ် ဝင်ရိုးများစွာပါသော နောက်တွဲယာဉ်များပေါ်ရှိ ဝင်ရိုးလိုင်းများနှင့် ဟိုက်ဒရောလစ်များကို ထိန်းချုပ်ပေးပါသည်။ ယာဉ်မောင်းနှင်သူတို့သည် ရှုပ်ထွေးသော ပို့ဆောင်ရေး သို့မဟုတ် တမူထူးခြားသော အလုပ်နေရာ လိုအပ်ချက်များအပြင် နောက်တွဲယာဉ်များပေါ်ရှိ ကွန်တိန်နာများကို ဟိုက်ဒရောလစ်စနစ်ဖြင့် ကုန်တင်ခြင်း၊ ချခြင်းတို့အတွက် တာဝန်ရှိပါသည်။
လမ်းကြောင်းစစ်တမ်း
လမ်းကြောင်းစစ်တမ်းသည် တံတားများ၊ လမ်းပေါ်ရှိ ဝါယာကြိုးများနှင့် အခြားသောအတားအဆီးများကို လက်တွေ့ ကုန်ပို့ဆောင်ခြင်းမပြုမီ စိတ်ကူးစိတ်သန်းဖြင့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။ ၎င်းတွင် စစ်ဆေးပို့ဆောင်နေစဉ်လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ရေဒီယိုဖွင့်ထားခြင်းနှင့် ကုန်ပို့ဆောင်မှုကို ကြီးကြပ်ရန်နှင့် မှတ်တမ်းတင်ရန်အတွက် ခရီးစဉ်နောက်လိုက်ပါခြင်းတို့လည်း ပါဝင်ပါသည်။
ကုန်တင်/ ကုန်ချ စစ်တမ်း
ကုန်တင်၊ ကုန်ချခြင်း စစ်တမ်း တွင် ကုန်ပစ္စည်းကိုင်တွယ်မှုလုပ်ငန်းစဉ်ကို အကောင်းဆုံး လုပ်ဆောင်ကြောင်း အတည်ပြုရန်နှင့် သေချာမှုရှိစေရန်အတွက် ရေယာဉ်များ သို့မဟုတ် အလုပ်နေရာများသို့ သွားရောက်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် ခရီးစဉ်ကို မှတ်တမ်းတင်ပြီး အန္တရာယ်များကို အနည်းဆုံးဖြစ်အောင် လျှော့ချခြင်းဖြင့် ချောမွေ့မြန်ဆန်ပြီး ဘေးကင်းလုံခြုံသော ကုန်စည်ပို့ဆောင်မှုအား ပံ့ပိုးပေးပါသည်။
ကုန်မတင်ခင် စစ်တမ်း
ဤစစ်တမ်းသည် ကုန်မတင်မီ ကုန်ပစ္စည်း၏ အခြေအနေ သို့မဟုတ် ထုပ်ပိုးမှုကို အကဲဖြတ်စိစစ်ပါသည်၊ ဥပမာ - ကုန်မတင်မီတည်းက ကုန်ပစ္စည်းများအား ထပ်တင်၍ရမရ/ လွတ်နေသော ကုန်တင်နေရာတို့နှင့် ဆိုင်သည့် အချက်အလက်များကို ရယူရန် သို့မဟုတ် သက်ဆိုင်ရာ ပါဝင်သူ တစ်ဦးဦး၏ တောင်းဆိုချက်အရ လိုအပ်ပါက အခြေအနေကို ပြင်ဆင်တင်ပြရန်ဖြစ်သည်။
ထိခိုက်ပျက်စီးမှုစစ်တမ်း
ထိခိုက်ပျက်စီးမှုစစ်တမ်းသည် ထိခိုက်တစ်ခုဖြစ်ပွားပြီးနောက် ပျက်စီးသွားသော ပရောဂျက်အဆင့် ကုန်ပစ္စည်းအပြည့်အစုံကို လေ့လာဆန်းစစ်ခြင်းဖြစ်ပါသည်။
နောက်ဆုံးအစီရင်ခံချက်တွင် အသေးစိတ်ရေးသားထားသော စာရွက်စာတမ်းနှင့် ကျွမ်းကျင်သူတို့၏ အကြံဉာဏ်များလည်း ပါဝင်ပါသည်။