မေးခွန်းများရှိပါသလား။
လူကြီးမင်းအတွက် အထူးဝန်ဆောင်မှုပေးမည့် အရောင်း ကိုယ်စားလှယ် သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အဓိက တာဝန်ရှိသူ တစ်ဦးဦးမှ လိုအပ်သည့် အချက်အလက်များအတွက် သင့်အား ကူညီပေးပါလိမ့်မည်။
ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။Jump to region and choose your preferred country / region
Switch to your chosen country or regional website and discover our services for each location. You will have a choice of different languages.
Visit our corporate website
For more information about our global services and offers, visit Rhenus.Group.
Africa
Rhenus Myanmar သည်သယ်ယူပို့ဆောင်ရေးဆိုင်ရာဖြေရှင်းချက်များထက် ကျော်လွန်၍ လူကြီးမင်းတို့အားအကြံပေးပြီး ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကောင်းမွန်စေရန် ပြည့်စုံသော တန်ဖိုးထပ်တိုး ၀န်ဆောင်မှုများကိုပေးလျက်ရှိပါသည်။
ကုန်းလမ်း သို့ပင်ဖြစ်စေ၊ သမုဒ္ဒရာသို့မဟုတ်လေထဲတွင်ဖြစ်စေ Rhenus Myanmar သည်လမ်းကြောင်းအားလုံးတွင်နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးဆိုင်ရာဖြေရှင်းနည်းများကိုထောက်ပံ့သည်။
ကျွန်ုပ်တို့၏ကုမ္ပဏီသည် သင်၏ထောက်ပံ့ပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ကမ္ဘာတစ်ဝှမ်းတွင်လုပ်ငန်းလည်ပတ်မှုရှိသည်။
For country specific information select the page:
Or switch to the country overview
ရှုပ်ထွေးသော ကမ္ဘာ့အဆင့် ပရောဂျက်များကို ကိုင်တွယ်ရန် အထူးရည်ရွယ်၍ ထိရောက်မှု အင်မတန်ရှိပြီး ကုန်ကျစရိတ် သက်သာသော ဝန်ဆောင်ဖြေရှင်း နည်းများဖြင့် ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့ ကွန်ရက်ရှိ ရုံးခွဲများနှင့် ကိုယ်စားလှယ် ရုံးများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် ဖြစ်လာနိုင်သော အန္တရာယ်များကို ကြိုတင် ရှုမြင်ပြီး အနည်းဆုံး ဖြစ်အောင် လျှော့ချပေးသည့် အပြင် ဘတ်ဂျက်နှင့် အရောက် ပို့ရမည့် အချိန်စသည့် သတ်မှတ်ချက်များအတိုင်း ဖြစ်စေရန်လည်း ဆောင်ရွက် ပေးခြင်းဖြင့် အထူးပြုထားသော ကုန်စည် ပို့ဆောင်ရေးများအတွက် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အစမှ အဆုံး စီမံ ခန့်ခွဲသည့် ဝန်ဆောင်မှုကိုလည်း ပေးပါသည်။
သယ်ယူပို့ဆောင်ရေး နည်းလမ်း အမျိုးမျိုးနှင့် ဦးတည်ရာနေရာသို့ မပို့မီ ကုန်စည် ကူးပြောင်းတင်ချမှု ပြုလုပ်သည့် နေရာတို့သည် ပရောဂျက် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းစဥ် စီစဉ်ရေးဆွဲရာ၌ အရေးပါသော အချက်များဖြစ်သည်။ သယ်ယူပို့ဆောင်သည့် လုပ်ငန်းစဥ် တစ်ခုတွင် ကြားခံအဆင့်များ နည်းပါးမှုသည် ကုန်ကျစရိတ်နှင့် ထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချရာ ရောက်ပါသည်။ တစ်ဆက်တည်းမှာပင် ဘက်စုံအသုံးပြုသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဥ်များသည် ကုန်ကျစရိတ်နှင့် ကာဗွန် ထုတ်လုပ်မှုတို့နှင့် ဆိုင်သည့် အကျိုးကျေးဇူးများကိုလည်း ပေးဆောင်နိုင်ပါသည်။ အထူးပြုထားသော သယ်ယူပို့ဆောင်ရေး စီမံကိန်းများတွင်ပါဝင်သည့် ကုန်ပစ္စည်းများ၏ သဘော သဘာဝ၊ ပို့ဆောင်ရေး လမ်းကြောင်းများ၊ မူလ နေရာနှင့် ပို့ဆောင်ရမည့် နေရာများ စသည်တို့သည် မတူဘဲ ရှိကြသည်ဖြစ်ရာ ပို့ဆောင်မှုတစ်ခုချင်းစီနှင့်ကိုက်ညီလိုက်ဖက်သောဖြေရှင်းရေးနည်းလမ်းများသည် အစဉ်အမြဲလိုအပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ ရယူထားသော အတွေ့အကြုံများမှ တစ်ဆင့် နိုင်ငံတကာ သင်္ဘော ကုမ္ပဏီကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ပါသည်။ Rhenus အနေနှင့် အရေအတွက် များပြားလှသော ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ပေးသောကြောင့် အချိန်ဇယားအတိုင်း ပြေးဆွဲနေသည့် ရေကြောင်း ဝန်ဆောင်မှုများ ပေးလျက်ရှိသော အော်ပရေတာများထံမှ ပြိုင်ဆိုင်မှုကောင်းသော ကုန်ပို့ဆောင်ခ နှုန်းထားများ ရယူထားနိုင်သည့် အကျိုးအမြတ်များ ရထားသည့်အပြင် လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီအောင်လည်း ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့ ကွန်ရက်တွင် လူသိများသော သင်္ဘောလိုင်း ကုမ္ပဏီကြီးများနှင့် ပုံမှန်ထက် အလေးချိန် များသည့် ကုန်ပစ္စည်းများအတွက် သီးသန့် သင်္ဘောများရှိသော အသေးစား သင်္ဘောလိုင်း ကုမ္ပဏီငယ်များလည်း ပါဝင်ပါသည်။ ဤကွန်ရက်ကြောင့်ပင် အရည်အသွေး မြင့်မှုနှင့် စျေးနှုန်း သင့်မှုတို့ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်ခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် ကုန်တင် သင်္ဘောဌားရမ်း၍ ကုန်ပို့ဆောင်ပေးသော ဝန်ဆောင်မှုနယ်ပယ်၌လည်း ကျွမ်းကျင်မှု များစွာရှိပါသည်။ ရေယာဉ်ပေါ်တွင် ထိန်းချုပ်မှု အပြည့်ရှိရန် သို့မဟုတ် တစ်စိတ် တစ်ဒေသသာ ရှိရန် လူကြီးမင်းတို့ ရွေးချယ်နိုင်ပါသည်။ လူကြီးမင်း၏ လေးလံသော ကုန်ပစ္စည်းများအတွက် သင့်လျော်သော သိုလှောင်မှုနေရာကို စီစဉ်ရာတွင် ကျွန်ုပ်တို့ မြန်ဆန်စွာ ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့၏ နည်းပညာဌာနမှ ကျွမ်းကျင် ဝန်ထမ်းများတွင် ဘက်စုံ အကြံဥာဏ်များနှင့် ပံ့ပိုးကူညီမှု ပေးနိုင်သော လေ့ကျင့်သင်ကြားမှု ခံယူထားသည့် သင်္ဘော တည်ဆောက်ရေး အင်ဂျင်နီယာများ ပါဝင်ပါသည်။
ကျွန်ုပ်တို့ ဝန်ဆောင်မှုများအနက် အလေးပေးထားသော ကဏ္ဍတစ်ခုမှာ လွန်ကဲသော အရွယ်အစား သို့မဟုတ် အလေးချိန်ရှိသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်သည်။ လူကြီးမင်း၏ ကုန်ပစ္စည်း လက်ခံရယူမှုအတွက် စီစဉ်ခြင်းလုပ်ငန်းမှစ၍ လမ်းစည်းကမ်းဆိုင်ရာ တာဝန်ရှိသူများထံမှ ပါမစ်များရယူပြီး ပရောဂျက် ပြီးမြောက်သည်အထိ ကျွန်ုပ်တို့သည် အခြေအနေကို ခိုင်မြဲစွာ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် လူကြီးမင်းအတွက် အဆက်အသွယ် လုပ်ရမည့် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ရှိပြီး လုံး၀ ပွင့်လင်းမြင်သာမှုကို ရရှိစေပါသည်။ လွန်ကဲသော အရွယ်အစား သို့မဟုတ် အလေးချိန်ရှိသည့် ကုန်ပစ္စည်းများကို စီမံသည့်အခါတွင် လိုအပ်သော ပစ္စည်းကိရိယာများကို ရရှိနိုင်စေရန် အရည်အချင်း ပြည့်မီသော ပူးပေါင်းဆောင်ရွက်သူများနှင့် ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။ ဤနည်းလမ်းများကို အသုံးပြုကာ ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့်ကိုက်ညီမှန်ကန်သော ပို့ဆောင်ရေးစီးပွားဖက်များနှင့် ယာဉ်အမျိုးအစားများကို ရွေးချယ်ပါသည်။ ထိုသို့ ပြင်ဆင်ပြောင်းလဲရ လွယ်မှုသည် လူကြီးမင်းတို့အတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်စေပါသည်။
ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်စဉ်အတွင်း လိုအပ်သော အစိုဓာတ်၊ အပူဓာတ်၊ အအေးဓာတ် သို့မဟုတ် အမြင့်နှင့် အခြား အခြေအနေများကို အထူးသတိထား၍ဂရုစိုက်ရပါသည်။ ၎င်းသည် သယ်ယူပို့ဆောင်သည့် လမ်းကြောင်းနှင့် အချိန်ရာသီပေါ် မူတည်၍လည်း ကွဲပြားနိုင်ပါသည်။ ကုန်ပစ္စည်းများသည် သယ်ယူ ပို့ဆောင်သည့် နည်းလမ်း တစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းရာတွင်လည်း ကြမ်းတမ်းသော အခြေအနေများကို ခံရနိုင်သည်။ တုန်ခါမှုများကြောင့် ဖြစ်စေ အပူချိန် အပြောင်းအလဲများကြောင့် ဖြစ်စေ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်စေ စသည်တို့ကြောင့် ရာသီဥတု ဒဏ်နှင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရန် ပစ္စည်းများကို ထုတ်ပိုးရန် လိုအပ်ပါသည်။ ကျွနိုပ်တို့ အနေဖြင့် HPE ထုတ်ပိုးမှု စံချိန်စံညွှန်းများနှင့် အညီ လူကြီးမင်းတို့၏ လေးလံသော ကုန်ပစ္စည်းများ ထုတ်ပိုးမှုအတွက် တာဝန်ယူ ထုတ်ပိုးပေးပါသည်။ သာမန် ကွန်တိန်နာအတွင်း မဆန့်သည့် အရွယ်အစား ကြီးမားသော ကုန်ပစ္စည်း အစိတ်အပိုင်းများအတွက် ထုတ်ပိုးမှုသည် အလွန် အရေးပါလှပါသည်။ ဤဝန်ဆောင်မှုသည် လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ကုန်စည် ပို့ဆောင်မှုကိုလည်း လုံခြုံမှုရှိစေရန်အတွက် အရည်အသွေးမြင့် ပြီးပြည့်စုံသော ထုတ်ပိုးမှု ဖြစ်စေရန် ပံ့ပိုး ဆောင်ရွက်ပေးပါသည်။
လူကြီးမင်းအတွက် အထူးဝန်ဆောင်မှုပေးမည့် အရောင်း ကိုယ်စားလှယ် သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အဓိက တာဝန်ရှိသူ တစ်ဦးဦးမှ လိုအပ်သည့် အချက်အလက်များအတွက် သင့်အား ကူညီပေးပါလိမ့်မည်။
ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။