RHENUS ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မ

Rhenus Myanmar သည် ပုံမှန်ထရပ်ကားများနှင့် မီးရထားများ ဖြင့် သယ်ယူ၍ရသောကုန်စည် မှ အစ ကွန်တိန်နာပါသည့် သယ်ယူပို့ဆောင်မှု အဆုံး မည်သည့် ကုန်ပို့ဆောင်သည့်လမ်းကြောင်းမှမဆို ကိုင်တွယ်ဆောင်ရွက်ကာဝန်ဆောင်မှုပေးနေပါသည်။ Rhenus သည် လွတ်လပ်သော ကုန်စည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု အနေဖြင့် ပြီးပြည့်စုံသည့် Supply Chain တစ်ခု အတွက် ဝန်ဆောင်မှုများစွာ ပေးစွမ်းနိုင်သောကြောင့် လူကြီးမင်းတို့၏ လိုအပ်ချက်များအလိုက် ထိရောက်မှုအရှိဆုံးပို့ဆောင်ရေးလမ်းကြောင်းကိုရွေးချယ်ပေးနိုင်ပါသည်။

keyboard_arrow_up
အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင်ရေး ဝန်ဆော

အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင်ရေး ဝန်ဆော

Rhenus ၏ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုကိုအသုံးပြုသောလူကြီးမင်းတစ်ဦးချင်းစီ၏ လိုအပ်ချက်များပြည့်မီစေရန်အတွက် ကျွန်ုပ်တို့သည် ရှိသမျှ သယ်ယူပို့ဆောင်ရေးနည်းလမ်းအားလုံးကို ပေါင်းစည်းကာ ပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ကုန်လှောင်ရုံနှင့် နောက်ဆုံးပို့ဆောင်ရမည့်နေရာမရောက်မီ ကုန်တင်ကုန်ချပြုလုပ်သော အဆောက်အဦးယန္တရားများကို အသုံးပြုပါသည်။ ကြီးမားသော ကုန်စည်ကြီးအလုံးအရင်းလိုက်ဖြစ်စေ၊ ကုန်စည်ငယ်များ ခွဲ၍ဖြစ်စေ၊ လေးလံသော ကုန်ပစ္စည်းများဖြစ်စေ၊ အရည် သို့မဟုတ် အန္တရာယ်ရှိသော ကုန်ပစ္စည်းများဖြစ်စေ Rhenus သည် မည်သည့်ကုန်စည်ကိုမဆို လူကြီးမင်း၏ ကမ္ဘာတစ်ဝှမ်းရှိ သတ်မှတ်ထားသောနေရာသို့ အရောက်ပို့ဆောင်ပေးပါသည်။

ကုန်စည်စီးဆင်းမှုအတွက်ရွေးချယ်နိုင်သော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ပြည်တွင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  •     FTL (ထရပ်ကားအပြည့် ကုန်တင်မှု)၊ LTL (ထရပ်ကားအပြည့်မဟုတ်သော ကုန်တင်မှု)၊​ လေးလံ၍ အရွယ်ကြီးမားသော ကုန်စည်များ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ နှင့်စက်ယန္တရားများအတွက် အထူးထရပ်ယာဉ်စုဖြင့် ကုန်းလမ်းကြောင်း သယ်ယူပို့ဆောင်မှု   
  • မီးရထားဖြင့်ကုန်စည်ပို့ဆောင်မှု
  • ကုန်းတွင်း ရေကြောင်းပို့ဆောင်မှု
  • ကွန်တိန်နာ ကုန်တင်ခြင်းနှင့် ကုန်ချခြင်း  
  • လူကြီးမင်း၏ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်၍ရနိုင်သည့်အချိန်အထိ သိုလှောင်ပေးထားမှု
  • ကုန်စည် အသုံးပြုမည့် နေရာအရောက်ပို့ဆောင်ပေးမှု

အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ထရပ်ကားအပြည့် ကုန်တင်မှု၊ ထရပ်ကားအပြည့်မဟုတ်သော ကုန်တင်မှု၊​ လေးလံ၍ အရွယ်ကြီးမားသော ကုန်စည်များ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ နှင့်စက်ယန္တရားများအတွက် အထူးထရပ်ယာဉ်စုဖြင့် ကုန်းလမ်းကြောင်း သယ်ယူပို့ဆောင်မှု
  • မီးရထားဖြင့်ကုန်စည်ပို့ဆောင်မှု
  • ကုန်းတွင်း ရေကြောင်းပို့ဆောင်မှု
  • ဝန်ကြီး/ဝန်ငယ် ပင်လယ်ရေကြောင်းခရီးတိုနှင့် ခရီးရှည်ပို့ဆောင်မှု
  • ပင်လယ်ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှု (ကွန်တိန်ပြည့် FCL နှင့် ကွန်တိန်နာအပြည့်မဟုတ်သော LCL)
  • လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှု
  • တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကွန်တိန်နာ သယ်ယူပို့ဆောင်မှု၊ ဥပမာ - အာရှတိုက်နှင့် ဥရောပတိုက်ကြား ချိတ်ဆက်ထားသော ကုန်းလမ်းတစ်လျှောက်
  • အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှု
  • ကွန်တိန်နာ ကုန်တင်ခြင်းနှင့် ကုန်ချခြင်း   
  • လူကြီးမင်း၏ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်၍ရနိုင်သည့်အချိန်အထိ သိုလှောင်ပေးထားမှု
  • ကုန်စည် အသုံးပြုမည့် နေရာအရောက်ပို့ဆောင်ပေးမှု

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

လူကြီးမင်း၏ကုန်စည်စီးဆင်းမှုဆိုင်ရာလိုအပ်ချက်များအ

Rhenus Myanmar သည် လွတ်လပ်သော ကုန်စည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု အနေဖြင့် လူကြီးမင်း၏သွင်းကုန်နှင့်ထုတ်ကုန်များကို ထိရောက်မှုနှင့်အချိန်တိကျမှု အရှိဆုံးသော Supply Chain ဝန်ဆောင်မှုများပေးစွမ်းရန် ရနိုင်သမျှသော သယ်ယူပို့ဆောင်ရေးပုံံစံအားလုံးနှင့် ‌အော်ပရေတာများ ကိုအသုံးချပါသည်။ လူကြီးမင်းသည် Supply Chain တစ်လျှောက် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများအားလုံးကို ပင်မဆက်သွယ်ရန် အချက်အချာဖြစ်လာသော Rhenus Myanmar မှ ပွင့်လင်းမြင်သာစွာရရှိနိုင်မည် ဖြစ်သည်။

add

အထူးပြု ကျွမ်းကျင်မှုများ

Rhenus သည်သံမဏိ၊ ဓာတုပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ အပြင် စက်ကိရိယာနှင့် ကြီးမားလေးလံသော ကုန်ပစ္စည်းများ ကဲ့သို့သော ကုန်စည်များကိုင်တွယ်မှုတွင် အထူးကျွမ်းကျင်မှုရှိပါသည်။ သည့်အတွက် ကျွန်ုပ်တို့သည် ထိုနယ်ပယ်များတွင် ကျယ်ပြန့်သော အသိပညာကျွမ်းကျင်မှုများ ရှိနေခြင်းဖြစ်သည်။ အချို့သောကုန်စည်များအတွက်မူ Rhenus ၏ ကိုယ်ပိုင် အထူးထရပ်ယာဉ်စုနှင့် သီးသန့် ကုန်လှောင်ရုံအဆောက်အဦးများကိုထားရှိထားပါသည်။

add

လူကြီးမင်း၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော သီးသန့

Rhenus ၏ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများသည် လူကြီးမင်း၏ လိုအပ်မှုသတ်မှတ်ချက်များအပေါ်တွင် အခြေပြုထားပါသည်။ လူကြီးမင်း အနေဖြင့်အော်ဒါတိုင်းအတွက်
ပွင့်လင်းမြင်သာသော Supply Chain စီးဆင်းမှုနှင့် ကုန်စည်ပို့ဆောင်မှုအခြေအနေအပေါ်နောက်ဆုံးသတင်းများကိုတင်ပြပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်နိုင်သူတစ်ယောက်ကိုလည်းရရှိနိုင်မည်ဖြစ်သည်။ Rhenus သည် အရင်းအမြစ်တစ်ခုတည်းမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုတစ်ခုချင်းစီကို ပေးစွမ်းနေပါသည်။

add

ကျွန်ုပ်တို့၏ တန်ဖိုးထပ်ဖြည့်ဝန်ဆောင်မှုများ

Dedicated truck fleet and warehouse for agricultural equipment and machinery

မီးရထားလမ်းကြောင်းဖြင့် ကုန်စည် ပို့ဆောင်မှုများအတွက် သီးသန့်စပါးသယ်ယာဉ်များ

ကွန်တိန်နာ ကုန်တင်၊ ကုန်ချ ဝန်ဆောင်မှုများ

အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုများ