ဝယ်ယူသူ၏ ကုန်စည်များပေါင်းစည်းပေးမှုဆိုင်ရာဝန်ဆောင်မှုသည် အမျိုးမျိုးသောကုန်စည်ရောင်းချသူများထံမှ ကွန်တိန်နာအပြည့်မဟုတ်သော ကုန်ပစ္စည်းများ (LCL) ကို တူညီသော ကုန်လက်ခံသူဆီသို့ပေါင်းစည်းပေးပါသည်။ ကုန်စည်များကို ကုန်စည်ပေါင်းစည်းရေးဗဟိုနေရာတွင် ပေါင်းစည်းပေး၍ သတ်မှတ်ထားသော ကွန်တိန်နာတစ်ခုထံသို့ ကုန်ပြန်တင်ကာ ကွန်တိန်နာအပြည့်ကုန်တင်မှု (FCL) အဖြစ် ထိုကုန်စည်များ၏ ဦးတည်ရာနေရာသို့ ပို့ဆောင်ပေးပါသည်။
ကုန်ရောင်းချသူ၏ ကုန်စည်များပေါင်းစည်းပေးမှုဆိုင်ရာဝန်ဆောင်မှုသည် မူလတစ်နေရာတည်းမှလာသော ကုန်ပို့ဆောင်မှုများစွာကို FCL ကွန်တိန်နာတစ်ခုတည်းတွင် တင်ကာ ဦးတည်ရာဆိပ်ကမ်းသို့ ပို့ပေးပြီး ယင်းဆိပ်ကမ်းတွင် ကုန်စည်တစ်ခုချင်းစီကို ထုတ်၍ အမျိုးမျိုးသောဝယ်ယူသူ သို့မဟုတ် ကုန်လက်ခံသူများထံ ပို့ဆောင်ပေးပါသည်။